ဖက်ဒရယ်ဥပဒေအကယ်ဒမီနှင့် ဘားမားအကယ်ဒမီတို့က ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀) မြောက် ဆလိုင်းတင်မောင်ဦးနေ့အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲကို ဖက်ဒရယ်ဥပဒေအကယ်ဒမီနှင့် ဘားမားအကယ်ဒမီတို့က ပူးပေါင်းကျင်းပခဲ့ပါသည်။
“ယနေ့အချိန်တွင် ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး၏ တွေးခေါ်၊ ရပ်တည်၊ လှုပ်ရှား၊ စွမ်းဆောင်ခဲ့မှုများ အဘယ့်ကြောင့် ပြန်လည်နိုးကြား၊ ရှင်သန်လာဖို့ လိုအပ်သလဲ”

ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များ –
ဆရာဦးအောင်ထူး ( ၁၉၇၄ မျိုးဆက်ကျောင်းသား)
ဆရာဦးအောင်စောဦး (၇၄/၇၅/၇၆ မျိုးဆက်ကျောင်းသား)
မခင်နီ (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-ဗကသများအဖွဲ့ချုပ်)
ဆလိုင်းထောင်းထောင်း (မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ)
ဇွန်လ (၂၆) ရက်နေ့ မနက် (၁၀)နာရီမှ (၁၂)နာရီအထိ အွန်လိုင်းမှ တဆင့် ထုတ်လွင့်သွားမည်ဖြစ်ပြီး အောက်ပါ Federal Law Academy facebook page တွင်ကြည့်ရှုနိုင်ပါသည်။
ကြည့်ရှုရန်လင့်ခ် – https://www.facebook.com/BurmaAcademyPlatform/videos/3633887880108553
