Activities

April 4 Statement 3 360x320

‘ဝ’ ဒေသ၌ ရေရှည်တည်တံ့သော လူသားချင်းစာနာထောက်ထားမှုရေးရာ စီမံခန့်ခွဲမှုအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ အာမခံချက်များ

‘ဝ’ ဒေသအတွင်းရှိ ပြည်သူများထံ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က  နှစ်ပေါင်း များစွာ ထောက်ပံ့ပေးနေခဲ့သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ မကြာသေးမီက ရပ်ဆိုင်းသွားကြောင်း သိရသည်။ လူသားချင်းစာနာမှုရေးရာ အကူအညီများ ပေးအပ်နိုင်ခွင့်သည် ပြိုင်ဘက် နိုင်ငံရေးအာဏာပိုင်များ၏ ဆုံးဖြတ်ပိုင်ခွင့်အာဏာ သို့မဟုတ် ပြောင်းလဲနေသော စစ်ရေး အခြေအနေများအပေါ်တွင် မှီတည်နေခြင်းမျိုး မဖြစ်သင့်ပေ။ ယင်းအစား ဥပဒေကြောင်းအရ တိကျ သေချာမှု၊ ... Read More
July 15 Statement  360x320

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအခြေပြု တော်လှန်ရေးအင်အားစုများအကြားက ပဋိပက္ခအား ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု အခြေခံစံတန်ဘိုးရှုထောင့်မှ သုံးသပ်ထုတ်ပြန်ချက်

ဥပဒေအထောက်အကူပြုကွန်ရက်က “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အခြေပြုတော်လှန်ရေးအင်အားစုများအကြားက ပဋိပက္ခအားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု အခြေခံစံတန်ဘိုးရှုထောင့်မှ သုံးသပ်ထုတ်ပြန်ချက်” ကိုတင်ဆက်လိုက်ပါသည်။ ဤထုတ်ပြန်ချက်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် လှုပ်ရှားနေကြသော ဒေသခံတော်လှန်ရေးအင်အားစုအသီးသီးအကြား လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် စစ်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ တင်းမာမှုများအပေါ် ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုဆိုင်ရာ အခြေခံစံတန်ဖိုး ရှုထောင့်များမှ ... Read More
Gemini Generated Image edwro7edwro7edwr 360x320

နှစ် ၅၀ မြောက် ဆလိုင်းတင်မောင်ဦးနေ့ အထိမ်းအမှတ် စကားဝိုင်း ဆွေးနွေးပွဲ

ဖက်ဒရယ်ဥပဒေအကယ်ဒမီနှင့် ဘားမားအကယ်ဒမီတို့က ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀) မြောက် ဆလိုင်းတင်မောင်ဦးနေ့အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲကို ဖက်ဒရယ်ဥပဒေအကယ်ဒမီနှင့် ဘားမားအကယ်ဒမီတို့က ပူးပေါင်းကျင်းပခဲ့ပါသည်။ “ယနေ့အချိန်တွင် ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး၏ တွေးခေါ်၊ ရပ်တည်၊ လှုပ်ရှား၊ စွမ်းဆောင်ခဲ့မှုများ အဘယ့်ကြောင့် ပြန်လည်နိုးကြား၊ ရှင်သန်လာဖို့ လိုအပ်သလဲ” ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များ – ဆရာဦးအောင်ထူး ... Read More