ထုတ်ပြန်ကြေငြာချက်များ
Posted on 10 Dec 201833
အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေငြာစာတမ်းကြီး ပေါ်ထွက်လာသည့် နှစ်ပေါင်း ခုနှစ်ဆယ် ပြည့် အထိမ်းအမှတ် ဥပဒေရေးရာ သုံးသပ်ထုတ်ပြန်ချက်
၂၀၁၈ ခုနှစ် ဒီဇင်္ဘာလ ၁၀ ရက်နေ့ သည် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေငြာစာတမ်းကြီး ပေါ်ထွက် သည့် နှစ်ပေါင်း ခုနှစ်ဆယ် ပြည့်မြောက်သည့် နေ့ ဖြစ်သည်။ ယနေ့ ကမ္ဘာကြီးတွင် လူ့ အခွင့်အရေးသည် ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်သည့် ခေတ်ကြီး၏ အရေးကြီး သော အစိတ်အပိုင်းတရပ်အနေဖြင့် တဘက်တွင် အရှိန်ရလာလျက်ရှိသည်။ အခြားတဘက်တွင်မူ နိုင်ငံ နှင့် နယ်ပယ်အမြောက်အများတွင် လူ့ အခွင့်အရေးသည် နောက်ပြန် ဆုတ်လျက်ရှိကြောင်း တွေ့ ရသည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (သို့ မဟုတ်). . .
Posted on 3 Dec 201832
ငြိမ်းချမ်းမှု ရှာဖွေရေး ဟု ခေါ်ဆိုလေ့ရှိသော ဖြစ်စဉ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ခေါင်းဆောင် နှင့် အဖွဲ့ ဝင်နှစ်ဦးအား အစိုးရအာဏာပိုင်များက
ဖမ်းဆီးလိုက်ခြင်း နှင့်စပ်လျဉ်း၍ ဥပဒေရေးရာ သုံးသပ်ထုတ်ပြန်ချက်
ABSDF မြောက်ပိုင်း ဒုဥက္ကဌ ဦးအောင်ဆွေဦး နှင့် ၄င်း၏ ရဲဘော်နှစ်ဦး အား ၂၀၁၈ ခုနှစ်နိုဝင်္ဘာလ (၃၀) ရက်နေ့ တွင် မိုးညှင်းမြို့ ၌ ဖမ်းဆီး လိုက်ခြင်းမှာ အဆိုပါ အဖွဲ့ အစည်းနှင့် ၄င်း၏ အဖွဲ့ ဝင်များကိုသာမက တနိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးပြီးသော အဖွဲ့ ရော မထိုးသော အဖွဲ့ များ နှင့် အခြားသော အပြစ်မဲ့ အရပ်သားလူထုကိုပါ ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။ ဖမ်းဆီးရခြင်း၏ အကြောင်းပြချက်မှာ . . .
Posted on 14 jul 201831
(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းနှင့် စပ်လျှဉ်း၍ သုံးသပ်တင်ပြချက်
(၁) အတိတ်သမိုင်းနှင့်စပ်လျှဉ်း၍ ၎င်း၏မိန့်ခွန်းမှာ အတွေးအခေါ်အရလွဲနေသည်။ ကိုးကားမှုမှာလည်း မပြည့်စုံ ပါ။ “ အတိတ်သမိုင်းရဲ့ အကျဉ်းသားမဖြစ်စေနဲ့” ဟူ၍ ပြောကြားခြင်းမှာ သမိုင်းကို ဥပက္ခာပြုရာရောက်သည်။ သမိုင်း၏ ချည်နှောင်မှုကိုမခံနှင့် ဟူ၍လည်း ဆိုလိုရာရောက်သည်။ ယင်းမှာ မှားယွင်းပါသည်။ ကိုင်စွဲသင့်သော အတွေးအခေါ်မှာ သမိုင်းဖြစ်ရပ်များအနက် အမှန်များကို သိအောင်လေ့လာ၊ တန်းဖိုးထားအသိအမှတ်ပြု၊ ဆက်လက်ကျင့်သုံးနိုင်ရန် ကြိုးပမ်း၊ အမှားများကို သင်ခန်းစာယူပြီး နောင်မမှားအောင် ရှောင်ကြည်ရမည်ဖြစ် သည်။
Posted on 24 April 201830
----------------------------------------------------------------------------------------------------------------------------------------------
Posted on 19 April 201829
နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး၏ စီရင်ပိုင်ခွင့် အာဏာ ပြဿနာ နှင့် ဆက်စပ်လျက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ တာဝန်ရှိမှု။
၁။ ၂၀၁၈ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရုံးက သတင်းထုတ်ပြန်ချက် တခု ပြုခဲ့သည်။ ယင်းတွင် စာချုပ်စာတမ်းဆိုင်ရာ ယေဘုယျမူ ကို ကိုးကားလျက် စာချုပ်ဝင်မဟုတ်သော နိုင်ငံကို စည်းနှောင်မည် မဟုတ်သောကြောင့် ရိုဟင်ဂျာ မူခင်းနှင့် ပတ်သက်ပြီး ………………………
Posted on 18 January 201828
ပြစ်မှုကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းအတွက် တာဝန်ရှိမှုကို ရှာဖွေခြင်း
လူမျိုးတုံး သတ်ဖြတ်မှု မြောက်သော စက်ဆုတ်ရွံရှာဖွယ်ရာဇ၀တ်မှုများတွင် မြန်မာ့တပ်မတော် ပါဝင်ပတ်သက်ကြောင်း ၀န်ခံခြင်းအပေါ် ဥပဒေအထောက်အကူပြုကွန်ရက်၏ သုံးသပ်ချက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်၊ အင်းဒင် ကျေးရွာတွင် ၂၀၁၇ စက်တင်ဘာလအတွင်း သတ်ဖြတ်ခံရမှုတွင် ၄င်းတို့တပ်ဖွဲ့ဝင်များ ပါဝင်ကျူးလွန်ခဲ့ကြောင်း မြန်မာစစ်တပ်က ၀န်ခံလိုက်သည့်အပေါ် လူ့အ၀န်းအ၀ိုင်း တခုလုံး အလွန်အမင်း အံ့အားသင့်သွားစေသည်သာမက အခြား အလားတူကျူးလွန်မှုများရှိနေကြောင်းသက်သေပြလိုက်သကဲ့သို့ ဖြစ်နေသည်။ ယခုလို လူသိရှင်ကြားဝန်ခံပြောကြားမှုမျိုး ဘာကြောင့် ပြုလုပ်လာရပါသနည်း။ ဤကိစ္စမှာ - - - - - - -
Posted on 12 January 201827
မြန်မာနိုင်ငံ ငြိမ်းချမ်းမှု ရှာဖွေရေး လုပ်ငန်းစဉ်ဟူသည်တွင် ရှေ့ မတိုးနောက်မဆုတ်အခြေအနေကို ကျော်လွှားနိုင်ရန် အကြံပြုချက်များ
-----------------------------------------------------------------------------------------------------------------------------------------------
Posted on 23 Dec 201726
တရားရုံးက ပြစ်ဒဏ် စီရင်ခြင်းဖြင့်မဟုတ်ဘဲ ကရင်နီ စစ်သည်တော်များအား သတ်ဖြတ်မှု၊ ကရင်နီပြည်၏ အချုပ်အခြာအာဏာအား အသိအမှတ်ပြုရန် လိုအပ်ချက် တို့ နှင့် စပ်လျှဉ်း၍
ဥပဒေရေးရာ သုံးသပ်ထုတ်ပြန်ချက်
အာဏာရ မြန်မာစစ်အစိုးရ နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ အနေဖြင့် ပြည်နယ်အဆင့် နှင့် ပြည်ထောင်စု အဆင့်တို့ တွင် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးထားခဲ့ကြသော်လည်း ၂၀၁၇ ခုနှစ် ဒီဇင်္ဘာ
လ ၂၀ ရက်နေ့ ၌ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ စစ်သည်တော်လေးဦးအား မြန်မာစစ်တပ်က ဥပဒေမဲ့ ဖမ်းဆီး
ပြီးနောက် တရားရုံးက ပြစ်ဒဏ် စီရင်ခြင်းဖြင့်မဟုတ်ဘဲ သတ်ဖြတ်ခဲ့ခြင်းမှာ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းပင်ဖြစ်သည်။
ဤစစ်ရာဇ၀တ်မှုကြီးကို ကျူးလွန်သည့် အချိန်မှာ အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်နှင့် ဆက်စပ်နေသည်။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ပါဝင်ခေါင်းဆောင်ထားသော
---------------------------------------------------------------------------------------------------------------------------------------------
ဥပဒေအလုပ်သင်စီမံချက် - အလုပ်သင်လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း
၁။ ဖက်ဒရယ်ဥပဒေအကယ်ဒမီ (Federal Law Academy) မှ ဥပဒေပညာဒီပလိုမာ အောင်မြင်ပြီးသူများအား အလုပ်သင်များအဖြစ်လက်ခံ လေ့ကျင့်ပေးရန် လျှောက်လွှာများခေါ်ယူပါသည်။ ဥပဒေတက္ကသိုလ် တခုခုမှ ဥပဒေဘွဲ့(LL.B)ရထားပြီးသားများလည်းလျှောက်ထားနိုင်သည်။
၂။ အောက်ပါရည်မှန်းချက်များဖြင့် ဥပဒေအလုပ်သင်စီမံချက်ကို ဖော်ဆောင်ခြင်းဖြစ်သည်။
(က) ငြိမ်းချမ်း၊ လွတ်လပ်၊ တရားမျှတ၊ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အပေါ်အခြေခံပြီး တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလူငယ်ဥပဒေအင်အားစုကို မွေးထုတ်ရန်။
Posted on 10 July 201724 တရားသူကြီးကိုဘိနပ်နှင့် ပစ်ပေါက်သော ရှေ့နေကြီးအမှုအား မြန်မာနိုင်ငံတရားစီရင်ရေး ဆိုင်ရာ နောက်ခံမှ သုံးသပ်ထုတ်ပြန်ချက် မတ္တရာ မြို့နယ် တရားရုံးအတွင်း အမှုကို စစ်ဆေးစီရင်နေစဉ်အတွင် တရားသူကြီးအား ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေကြီးဦးဇော်ဝင်းအား မှုခင်းသုံးခုဖြင့် ဖွင့်လှစ်အရေးယူထားကြောင်းသိရသည်။ မြန်မာနိုင်ငံတရားစီရင်ရေး သမိုင်းတွင်တခါဘူးမျှ မကြုံခဲ့ဘူး၊ မကြားခဲ့ဘူးသော ဖြစ်ရပ်ပင်။ ဤသည်ကို မျှတစွာ သုံးသပ်ရန်လိုအပ်လာပါသည်။
(၁) ရှေ့နေကြီးများသည် တရားရုံး၏ အရာရှိကြီးများဖြစ်ကြသလို ၄င်းတို့သည် တရားရုံးကို ချစ်ခင်မြတ်နိုးကြ လေ့ရှိသည်။ တရားရုံးသည် ၄င်းတို့၏ဘ၀ဖြစ်သည်။ ဂုဏ်သိက္ခာဖြစ်သည်။ မတရားမှုမှန်သမျှကို ခုခံကာကွယ် ကာ ဥပဒေရှုဒေါင့်မှ တိုက်ပွဲဝင်ခွင့်ရသည့် အ၀န်းအ၀ိုင်းဖြစ်သည်။
... Posted on 29 June 201723 ငြိမ်းချမ်းရေးထုတ်ပြန်ချက် (၅) -၂၁ ရာစု ပင်လုံညီလာခံမှ ပေါ်ပေါက်လျှက်ရှိသော ဥပဒေပြဿနာများနှင့် စပ်လျှဉ်း၍ထုတ်ပြန်ချက်
၁။ (NCA) အပိုဒ် ၂၀ (က) အရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ အနေဖြင့် ယင်းစာချုပ်ကို လက်မှတ်ရေးထိုးပြီးမှသာလျှင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်အပိုဒ် ၂၀ (ဃ) နှင့် (င) အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပပြီးနောက် ပြည်ထောင်စု သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြရမည်ဖြစ်သည်။ သို့ ရာတွင် အောက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ချို့  ယွင်းချက်များကြောင့် မဝေးလှသည့်အချိန်တွင် ပေါ်ပေါက်လာနိုင်ဘွယ်ရှိသည့်မည်သည့် သဘောတူညီချက်မျှ တရားဝင်အဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ခြေ။
(၁) ယခင်က ချုပ်ဆိုခဲ့ပြီး ဖြစ်သော ပင်လုံစာချုပ်နှင့် ယခုပေါ်ထွက်လာဘွယ်ရှိသည့် ပြည်ထောင်စု သဘောတူညီချက်
တို့ အကြားဆက်စပ်မှု ကင်းမဲ့လျှက်ရှိခြင်း။
... Posted on 29 June 201722 ငြိမ်းချမ်းရေး ထုတ်ပြန်ချက် (၄) တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ကို တရားဝင်ဖျက်သိမ်းရန်၊
နှင့် ပင်လုံစာချုပ်ကို တရားဝင် အသိအမှတ်ပြုရန် တောင်းဆိုခြင်း။
၁။ (NCA) အပိုဒ် ၂၀ (က) အရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ အနေဖြင့် ယင်းစာချုပ်ကို လက်မှတ်ရေးထိုးပြီးမှသာလျှင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ခွင့် ရှိစေရမည် ဖြစ်သည်။ သို့ ဖြစ်
၍ ညီလာခံမတက်ခင် ကို NCA ကို လက်မှတ်ရေးထိုးခြင်းမှာ လုပ်ကို လုပ်ဆောင်ရမည့် အပိုင်းဖြစ်သည်။ NCA ကို လက်မှတ်မထိုးသေးသည့် တိုင်း၇င်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအာ့း အထူးဖိတ်ကြားသူအနေဖြင့် ညီလာခံ
သို့ တက်ရောက်ခွင့်ပြုနိုင်ကြောင်း စာချုပ်တွင် မည်သည့် ခြွင်းချက် ပြဌာန်းချက်မျှ မပါရှိ။
... Posted on 31 January 201721 ဦးကိုနီ အား လုပ်ကြံမှုကြီး အပေါ် ပြင်းထန်စွာ ကန့် ကွက်ကြောင်း ထုတ်ပြန်ချက် တရားလွှတ်တော် ရှေ့ နေကြီး ဦးကိုနီ သည် ယနေ့  ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံလိုက်ရကြောင်း သတင်းရရှိသည်။ စစ်အာဏာရှင်စနစ် ဆက်လက်ကြီးစိုးနေသည့် အချိန်တွင် "လူကို ခွေးသတ်သည့် ဇာတ်
လမ်း" ပြန်စလာပြီ ဖြစ်ကြောင်း ထင်ထင်ရှားရှားမြင်နိုင်သည်။ တိုင်းပြည်အတွက် ဥပဒေရှုဒေါင့်မှ နေ၍ သူ
တတ်နိုင်သမျှကြိုးပမ်းစွမ်းဆောင်သွားခဲ့သည့် အဖိုးတန်လူတော်တဦးဖြစ်သူ ဦးကိုနီ... Posted on 11 November 201620 Daily Eleven သတင်းစာအားအရေးယူမှုအပေါ် ကန့် ကွက်ကြောင်းထုတ်ပြန်ချက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက Daily Eleven သတင်းစာအား အရေးယူခြင်းသည် လွန်ခဲ့သည့် အောက်တိုဘာလ အတွင်းတွင် သမတ လောင်း ဒေါ်နယ်လ် ထရမ့် က အသရေဖျက်မှု နှင့် စွဲဆိုမည်ဟူ၍ နယူး ရော့ခ်တိုင်း သတင်းစာကြီးအား ခြိမ်းခြောက်ခဲ့ခြင်း နှင့် အလားတူလျှက်ရှိသည်။ ထရမ့်သည် အမျိုးသမီးနှစ်ဦး အပေါ် မလိုလားအပ်သော လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုပြုခဲ့ကြောင်း ယင်းသတင်းစာကြီးက ဖေါ်ပြခဲ့သောကြောင့် ပင်။ ဥပဒေကြောင်းအခြေခံကို နားလည်သွားသည့်အခါ ထရမ့်က နောက်ဆုတ်သွားသကဲ့သို့  ဦးဖြိုးမင်းသိန်းသည် လည်း တရားရုံး၏ အချိန် နှင့် လူထု၏ ငွေကို ဖြုန်းရာရောက်မည့် အလုပ်မျိုးကို မလုပ်သင့်။
... Posted on 11 October 201619 အမေရိကန်နိုင်ငံမှ Global Justice Center ရဲ့ဥက္ကဌ professor Janet Benshoof စာသင်နေစဉ်
Posted on 11 October 201618
Federal Law Acedamy မှ ပထမ ဆုံး diploma ဘွဲ့နှင့်းသဘင်ပွဲ
Posted on 21 September 201617
တနိုင်ငံလုံးအပစ်ရပ်စာချုပ်နှင့် ဆက်စပ်လျှက်
လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးရှုဒေါင့်များမှ သုံးသပ်ထုတ်ပြန်ချက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော DKBA ကတဘက် နှင့် မြန်မာစစ်တပ်နှင့် ၄င်း၏ လက်အောက်ခံ ဖြစ်သော ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့တို့ ကတဘက် ၂၀၁၆ ခုနှစ် စက်တင်္ဘာလ ဒုတယအပတ်မှစတင်း၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ ယင်းမှာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို ကမကထပြု ဖေါ်ဆောင်ခဲ့သည့် မြန်မာစစ်တပ်၏ စစ်ခေါင်းဆောင်များနှင့် အစိုးရတို့အပေါ် တိုင်းရင်းသား ပေါင်းစုံလူထုများက ယုံကြည်မှု ကင်းမဲ့စေပါသည်။
Posted on 25 August 201616
Bridge ရုံး နှင့် Academic Team For Federalism(LAN)ရုံး တို့မှ ပူးပေါင်းဆောင်ရွက်သော အစီအစဉ်
အချိန်-10:00AM
နေ့စွဲ - ၁၃.၈.၂၀၁၆
နေရာ-Bridge ရုံး (မိုင်ဂျာယန်) ကချင်ပြည်နယ်
ဖက်ဒရယ်အခြေခံအယူအဆ သဘောသဘာဝ
နှင့်
မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ သယံဇာတအရင်းအမြစ်ထုတ်ယူသုံးစွဲမှုအပေါ် ဖက်ဒရယ်ရှုထောင့်မှ ချဉ်းကပ်ခြင်း
အထက်ပါခေါင်းစဉ်နှင့် ပက်သက်၍ Bridge ရုံး ၊ရုံးဝန်ထမ်းများအား Academic Team For Federalism(LAN)ရုံး မှ ကိုယ်စားလှယ်နှစ်ဦးက (၁၃.၈.၂၀၁၆) ရက်နေ့တွရှင်းလင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
အပိုင်းနှစ်ပိုင်းဖြင့် ရှင်းလင်း ဆွေးနွေး မှု ပြုလုပ်ခဲ့သည်။
ပထမပိုင်းအနေဖြင့် Academic team for federalism(LAN) ရုံးမှ ကိုယ်စားနှစ်ဦးက အထက်ပါခေါင်းစဉ်နှင့် ပက်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
၁) ဖက်ဒရယ် အခြေခံ သဘောသဘာဝ ကဏ္ဍ ကို ဦးဆင်ဆား မှ ရှင်လင်းဆွေးနွေးခြင်း
မေးခွန်း၊ မေးမြန်း ဖြေဆိုခြင်း ကဏ္ဍ
အချိန်- (10:00AM – 11:30AM)
၂) မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ သယံဇာတ အရင်းအမြစ်ထုတ်ယူသုံးစွဲမှုအပေါ် ဖက်ဒရယ်ရှုထောင့်မှ
ချဉ်းကပ်ခြင်း ကဏ္ဍကို ဦးဂျာလီဆိုင်း မှ ရှင်းလင်းဆွေးနွေးခြင်း
မေခွန်း၊ မေးမြန်း ဖြေဆိုခြင်း ကဏ္ဍ
အချိန်-( 12:00AM – 1:30PM)
ဒုတိယပိုင်းတွင် Bridge ရုံး နှင့် Academic Team For Federalism(LAN)ရုံး တို့မှ ပူးပေါင်းလုပ်ဆောင်မည့် အစီစဉ်များကို ဆွေးနွေးမှုပြုလုပ်ခဲ့သည်၊ ထိုဆွေးနွေးခြင်းကဏ္ဍမှ Bridge ရုံး နှင့် Academic Team For Federalism(LAN)ရုံး တို့ ပူးပေါင်းပြီး ရှေ့လုပ်ငန်းစဉ်ဖြစ်သော တစ်လတစ်ကြိမ် ပုံမှန် ဖက်ဒရယ်နှင့် ဆက်စပ်သော ဥပဒေစိုးမိုးရေး ၊လူအခွင့်အရေး ၊မြေယာ၊ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ သဘာဝပတ်ဝန်းကျင်၊ စသည့်အကြောင်းအရပ်များ ကို အခြေခံ၍ ဖက်ဒရယ် အယူအဆများအပေါ် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်သော ဖက်ဒရယ်ဆိုင်ရာ ရှင်းလင်း ဆွေးနွေးတင် ပြခြင်း အစီစဉ်ကို ပြုလုပ် ဆောင်ရွက် သွားရန် သဘောတူညီမှုရရှိခဲ့သည်။
ထို့နောက် Bridge ရုံးမှ ပြုလုပ်ရန်ရှိသော ဒေသတွင်းဇီဝဆိုင်ရာ ကွင်းဆင်းလေ့လာခြင်း၊ သစ်တောဆိုင်ရာ၊ မြေယာဆိုင်ရာ ဒေသခံများအခွင့်အရေးစသည့် လှုပ်ရှားမှု အစီအစဉ်များတွင် Academic team for federalism ( LAN) ရုံးမှ ဥပဒေကြောင်းအရပါဝင် ကူညီ ပံ့ပိုး ပေးရန် တောင်းဆို မှုရှိခဲ့ပါသည်။
ထို့နောက်တွင်ဒုတိယပိုင်း အစီစဉ်ကို ဆွေးနွေးမှု ပြုလုပ်ပြီး အစီအစဉ်ကိုရပ်နားခဲ့ပါသည်။
ှန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
Posted on 13 June 201615 ဥပဒေအလုပ်သင်များ ခေါ်ယူခြင်း (Law Internship)
ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင် တည်ရှိသည့် ဖက်ဒရယ်ဥပဒေအကယ်ဒမီတွင် ဥပဒေ အလုပ်သင် (Law Internship) အနေဖြင့် ဖွင့်လှစ်ပို့ချရသည့် ရည်မှန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဖက်ဒရယ်ရေးရာ လှုပ်ရှားမှုအား ဥပဒေစိုးမိုးရေးအခြေခံမှ ထိရောက်စွာ ပံ့ပိုးပေးလျှက် စစ်မှန်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပေါ်ထွန်းလာရေး၊ ဒီမိုကရက်တစ် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ လှုပ်ရှားမှုများ ပေါ်ထွန်းလာစေရေးတို့ အတွက် ပံ့ပိုးဆောင်ရွက်သွားရန်။
Posted on 5 May 201614 ဖက်ဒရယ် ဥပဒေ အကယ်ဒမီ (FLA)
သင်ကြား ပို့ ချမှုပိုင်းဆိုင်ရာ မိတ်ဆက်
ဖယ်ဒရယ် ဥပဒေ အကယ်ဒမီ (ပင်မဆောင်)
(၁) ဥပဒေကြောင်းအရ ကျိုးကြောင်းဆင်ခြင်မှု (Legal reasoning) Jurisprudence လို့ ခေါ်တဲ့ ဥပဒေသိပ္ပံပညာရဲ့ အခြေခံက ဥပဒေကြောင်းဆိုင်ရာကျိုးကြောင်းဆင်ခြင်မှုပါ။
ဥပဒေဆိုတာဘာလဲ၊ ဥပဒေတွေဘယ်လိုပေါ်လာသလဲ၊ သမိုင်းကြောင်းအရ၊ ကိုယ်ကျင့်တရားအရ၊ စံထားချက်များ
အရ၊ နိုင်ငံရေးအတွေးအခေါ်တွေအရ ဥပဒေကို ဘယ်လိုချဉ်းကပ်မလဲ၊ ဓလေ့ထုံးတမ်း ဥပဒေနဲ့  ပြဌာန်းဥပဒေ ဘာကိုပိုမို တန်ဘိုးထားသင့်သလဲ၊ လူ့ အခွင့်အရေးနဲ့ ဥပဒေစိုးမိုးရေး ဘယ်လိုဆက်စပ်သလဲ၊ ဥပဒေက အာဏာကို ထိန်းချုပ်ရမယ်ဆိုတာဘာလဲ၊ ဥပဒေတခုဟာ ရှင်းလင်း၊ တိကျ၊ ရွေးချယ်မှုရှိပြီး ခန့် မှန်းနိုင်ရမယ် ဆိုတာ ဘာ
အဓိပ္ပါယ်လဲ။ တည်ဆဲဥပဒေတွေဟာ ဒီလို အင်္ဂါရပ်တွေ နဲ့ ညီရဲ့ လားဆိုပြီး ကျိုးကြောင်းဆင်ခြင်မှုတွေပို့ ချပေးတာပါ။
... Posted on 18 Jan 201613 ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT) နှင့်ဥပဒေအထောက်အကူပြုကွန်ရက်(LAN) တို့၏ သတင်းထုတ်ပြန်ချက် နေ့စွဲ။ ။၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်။ Posted on 25 Dec 201512 မျှော်လင့်ရသော အသွင်ကူးပြောင်းရေး အစီအစဉ်နှင့် စပ်လျဉ်း၍ ဥပဒေအထောက်အကူပြုကွန်ယက်၏ ထုတ်ပြန်ချက် (၁) ဒီဇင်ဘာလ (၄)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွေတို့ တွေ့ဆုံကြသည်ဟု သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ၄င်းတို့မည်သည့်အကြောင်းအရာများ မည်သည့်ရည်ရွယ်ချက်နှင့်ဆွေးနွေးကြသည်ဟူသည့်အပေါ် အမျိုးမျိုးခန့်မှန်းပြောဆိုလျက်ရှိသည်။ည်။... Posted on 9 Dec 201511 တရားမျှတမှုရှာဖွေရေးနှီးနှောဖလှယ်ပွဲ - ထုတ်ပြန်ကြေငြာချက် ဥပဒေအထောက်အကူပြုကွန်ရက်နှင့် ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) တို့ဦးစီးကျင်းပခဲ့သည့် တရားမျှတမှုရှာဖွေရေး နှီးနှောဖလှယ်ပွဲကြီးအား အောက်တွင်ဖေါ်ပြထးသော အဖွဲ့အစည်းပေါင်း(၃၀)မှ ကိုယ်စားလှယ်ပေါင်း ၂၁၂ဦး၊ နှင့် လေ့လာသူ ၁၀၆ဦး စုစုပေါင်း ၃၁၈ဦး တက်ရောက်လျှက် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့၌ ၂၀၁၅ ခုနှစ်နိုဝင်္ဘာလ ၂၅ နှင့် ၂၆ ရက်များတွင်း ကျင်းပခဲ့သည်။... Posted on 25 nov 201310 လယ်ယာမြေဥပဒေ နှင့် စပ်လျှဉ်း၍ အစိုး၇၀န်ကြီး၏ ရှင်းလင်းမှု ဥပဒေအရ မှားယွင်းခြင်း
၂၀၁၃ ခုနှစ် နိုဝင်္ဘာလ (၂၃) ရက်နေ့ တွင် ဘီဘီစီ ရေဒီယို၌ အမျိုးသားစီမံကိန်း နှင့် ဖွံ့ ဖြိုးတိုးတက် ရေး ၀န်ကြီးဌာန၏ ၀န်ကြီး ဒေါက်တာကံဇော် က “ ပြီးခဲ့တဲ့နှစ်က လယ်ယာမြေဥပဒေသစ်အရ သက်ဆိုင်ရာ လယ်လုပ် သူများကို ဧပြီ၊ မေ လောက် ကထဲက စပြီး အမည်ပေါက် လုပ် ပေးနေပါတယ်။ အမည်ပေါက်သွားပြီဖြစ်တာကြောင့် ပိုင်ပိုင်နိုင်နိုင် ရင်းနှီးမြှုပ်နှံလို့  ရတယ်။ ဒီမြေကိုအပေါင်ထားပြီး စိုက်ပျိုးစားရိတ်ချေးငွေ ချေးဌားလာနိုင်တယ်။ လွတ် လပ်ရေးရပြီးကထဲက ၁၉၅၂၊ ၅၃၊ ၅၄ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေအရ တချိန်တုံးကတော့ ... Posted on 30 jul 20139 ၂၀၁၃ ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့တွင် ပြဌာန်းလိုက်သည့် တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေအား လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ရှုဒေါင့်မှ သုံးသပ်ချက်
နိုင်ငံတခုခု၌ ဥပဒေပြုလွှတ်တော်ဟူသည်မှာ သက်ဆိုင်ရာ အကြောင်းရပ်နှင့် စပ်လျှဉ်း၍ အခြားနိုင်ငံတခုခုက ပြဌာန်းထားသော ဥပဒေများကို လေ့လာနိုင်သည်။ နှစ်သက်သော ပြဌာန်းချက်တစုံတရာ ပါရှိပါက ယင်း၏အနှစ်သာရကို ယူသုံးနိုင်သည်... Posted on 30 jul 20139 ၂၀၁၃ ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့တွင် ပြဌာန်းလိုက်သည့် တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေအား လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ရှုဒေါင့်မှ သုံးသပ်ချက်
နိုင်ငံတခုခု၌ ဥပဒေပြုလွှတ်တော်ဟူသည်မှာ သက်ဆိုင်ရာ အကြောင်းရပ်နှင့် စပ်လျှဉ်း၍ အခြားနိုင်ငံတခုခုက ပြဌာန်းထားသော ဥပဒေများကို လေ့လာနိုင်သည်။ နှစ်သက်သော ပြဌာန်းချက်တစုံတရာ ပါရှိပါက ယင်း၏အနှစ်သာရကို ယူသုံးနိုင်သည်... Posted on 27 jul 20138 သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းအပေါ် ဥပဒေကြောင်း အခြေခံမှ
သုံးသပ်ချက်
ဒီနှစ်ကုန်ရင် နိုင်ငံရေးအကျဉ်းသားတွေတစ်ယောက်မှ မကျန်စေရပါဘူးလို့ ဥရောပခရီးစဉ်မှာ နိုင်ငံ တော် သမ္မတဦးသိန်းစိန်က ကတိပေးပြောဆိုပြီး ၂ ရက်အကြာ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဒုက္ခသည်စခန်းက ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်... Posted on 19 jul 20137 လူ့ အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒေါ်ဘောက်ဂျာ အား ဖမ်းဆီးခြင်း အပေါ်
အပြင်းအထန် ကန့် ကွက်ခြင်း ၂၀၁၃ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့ တွင် လူ့ အခွင့်အရေးလှုပ်ရှားတက်ကြွသော ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာ အား မြစ်ကြီးနားမြို့ ရှိ သူမ၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ သတင်းရရှိပါသည်။ ဒေါ်ဘောက်ဂျာသည် ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့ အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးဖြစ်သော နိုင်ငံသား အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများ အဖွဲ့ (Civil Rights Defenders) က ဥပဒေအထောက်အကူပြု ကွန်ယက် (Legal Aid Network) ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူလျှက်ဆားဗီးယားနိုင်ငံ၏ လူ့ အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ် များအား လေ့လာရေးခရီးစဉ်စီစဉ်ခဲ့ရာတွင် ... Posted on 05 jun 20136 (ဘဲလ်ဂရိတ် ထုတ်ပြန်ချက်) ပြည်တွင်းမှ ရှေ့နေများ၏ ဥရောပခရီးစဉ်အတွင်း မြန်မာနိုင်ငံဥပဒေစိုးမိုးရေးဆိုင်ရာ သုံးသပ်တင်ပြချက် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးဖြစ်သော နိုင်ငံသား အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖွဲ့ သည် ဥပဒေ အထောက်အကူပြု ကွန်ရက် ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူလျှက် ပြည်တွင်းမှရှေ့နေ (၉)ဦးနှင့် လူအခွင့်အရေး လှုပ်ရှားတက်ကြွသူ တဦး၊ စုစုပေါင်း တစ်ဆယ်ဦးအား ယခငါယူဂိုဆလားဗီးယားနိုင်ငံ၏ ပင်မ အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့သော ဆားဗီးယားနိုင်ငံ၏ မြို့တော် Posted on 31 jan 20135 ဦးသိန်းစိန် အစိုးရသည် ကေအိုင်အေနှင့် စပ်လျှဉ်း၍ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှု ကျူးလွန်ခြင်း ကေအိုင်အေက မိုင်းခွဲသဖြင့် ဆိုင်ကယ် ၃စီး ပျက်စီးကာ အရပ်သားသေဆုံးခဲ့သည် ဟူသော သတင်းကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၈ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖေါ်ပြခဲ့သည်။ ယင်းနှင့် ပတ်သက်၍ သတင်းဓါတ်ပုံ မှားယွင်း ဖော်ပြကြောင်း ပြည်သူတဦးက ဖေါ်ထုတ်လာသည့်အတွက် ဇန်န၀ါရီလ ၃၁ ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ပြန် လည်တောင်းပန်စာ ထည့်သွင်းခဲ့ရသည်